Saturday, January 14, 2012

အလွမ်းတိမ်


ဖွင့်ဟခွင့်မရတဲ့ ရင်ထဲကစကားတွေ


ပြန်ပြန်ပြီး မျိုချရတာများတော့


ရင်ကျပ်ရောဂါပါ စွဲကပ်လာတယ်


မွန်းကျပ်ကျပ် ဒီဘ၀ထဲ


ရုံးထွက်လို့မရတဲ့ နွံတစ်ခုလို


အချစ်က…………


နစ်ပြီးရင်းနစ်နေခဲ့ပေါ့


မြှားတစ်စင်းလို


ပစ်မှတ်တွေ အကြိမ်ကြိမ်လွဲချော်နေတဲ့ရပ်ဝန်းမှာ


ငါ့ရင်လဲ မတည်ကြည်နိုင်တော့ဘူး


ကောင်မလေးရေ…….


ငါကတော့…


အခုထိ အလွမ်းတိမ်နစ်နေဆဲပါပဲ…။

234